၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သော ရွှေတိဂုံစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာနှင့် ပင့်သံဃာအပါး (၁၈၀၀၀) အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း မင်္ဂလာအခမ်းအနားတွင် ဝုန်းဝမ်း တိုင်းရင်းဆေးတိုက်မှ ပါဝင်လှူဒါန်းခွင့် ရရှိခဲ့ပါသည်။

ဆေးဒါန
စေတီတော်သို့ ဦးတည်သော လမ်းတစ်လျှောက် စားပွဲများပေါ်တွင် ရန်ကုန်မဟာဖြေဆေး ဘူးများနှင့် စက္ကူထုပ်များကို သံဃာတော်များနှင့် ဘုရားဖူးများအတွက် ဆေးဒါနအဖြစ် လှူဒါန်းခဲ့ပါသည်။




အမှတ်တရ
ဤမဟာမင်္ဂလာ အခမ်းအနားတွင် ပါဝင်လှူဒါန်းခဲ့မှုကို ရွှေတိဂုံစေတီတော် အမှတ်တရ ဓာတ်ပုံဘောင်ဖြင့် မှတ်တမ်းတင်ထားပါသည်။

